လူကြမ်း

Mar 8, 2010

ကိုအောင်(ပျူနိုင်ငံ)တဂ်ခဲ့တဲ့ ကြိုက်တာလေးတွေကို စဉ်းစားနေလိုက်တာ ၂ပတ်ကြာသွားတယ်။ ဂယ် စဉ်းစားတာပါ ပျင်းနေတာမဟုတ်ပါဘူး။ ဆံပင်လဲ ၁၄ချောင်းလောက် ထပ်ဖြူသွားတယ်။ စာပေ၊ ဂီတ၊ အစားအသောက်၊ စတာတွေ အားလုံးလဲ စဉ်းစားပြီးရော ကိုယ့်ဘာသာကိုယ်တောင် ဘာကြိုက်တတ်မှန်းမသိတော့ဘူး။

စာအုပ်စာပေဆိုလဲ အရင်ကတော့ မပြောတော့ပါဘူး။ ခုလောလောဆယ်တော့ သတင်းဆောင်းပါးလောက် ဖတ်တော့တာပဲ။ ဘလော့ဂ်ကတော့ ဘေးမဲ့ပေါ့။ သမိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာတွေဆိုလဲ ကြုံရင်တော့ဖတ်တာပါပဲ။ ကိုယ့်ကိုကိုယ်၊ ကိုယ့်အဖွဲ့ကို၊ ကိုယ့်လူကို ကာကွယ်နေတဲ့ ကာကွယ်ရေးသမိုင်းတွေ ဖတ်နေရတာ မှန်ချင်လဲမှန်မယ်၊ မှားချင်လဲ မမှန်ဘူးလိုပဲ သဘောထားဖတ်နေရတာပဲ။ ကြိုက်လို့ တစိုက်မက်မက်ဖတ်တယ်ဆိုတာလဲ မရှိသလောက်ပဲ။

ကျောင်းတက်တုန်းကဆို စောဘွဲ့မှူးတို့ ဘုရားကျောင်းမှာ၊ ကြို့ကုန်းကဆရာတယောက်ဆီမှာ ဂစ်တာတီးတာတွေဘာတွေ သင်ခဲ့တာပေါ့။ ဆရာကောင်းတွေနဲ့တွေ့ခဲ့တာဆိုတော့ သွပ်ပေါ်မိုးကျတဲ့အသံလောက်တော့ ထွက်အောင်တီးတတ်ခဲ့တာပေါ့။ အဆောင်က သွပ်မိုးမဟုတ်တော့ ရောချလို့မရတော့တာနဲ့ အတီးရပ်ထားလိုက်ရတာ ခုထိပဲ။ အဆိုကလဲ ဆွေတွေမျိုးတွေစုံရင် တခါတလေ ဟဲသေးတာ။ သူတို့ကတော့ ပွဲတောင်းပါတယ်၊ အရက်ပုလင်းလေးသယ်သွားမယ်ဆိုရင်ပေါ့လေ။ ခုချိန်များတော့ ဂီတဆိုလို့ ရေဒီယို၊ တီဗွီက သူ့ဘာသာလာနေတဲ့ဟာတောင် နားထဲ ၀င်လိုက်ထွက်လိုက်နဲ့။ တပုဒ်လုံး အာရုံစိုက်နားထောင်တယ်ဆိုတာ မရှိသလောက်ပဲ။ တခါတလေ လုံးကြီးပေါက်လှတွေ ကော့ကန်ကားလုပ်ပြတဲ့ အမ်တီဗွီတော့ ကြည့်ဖြစ်ပါတယ်။ နားထောင်တာမဟုတ်ဘူး။ ကြည့်တာ။

အစားကတော့ မသေဖို့စားနေတယ် သဘောထားတာပဲ။ ကြိုက်တယ်လို့ ထင်ယောင်ထင်မှားဖြစ်ရတဲ့အစားအစာတချို့တော့ ရှိပါတယ်။ “တမင်လုပ်စားအုန်းမယ်၊ သွားစားအုန်းမယ်” လို့ ဘယ်တုန်းကမှ မကျိုးစားခဲ့တော့ ထင်ယောင်ထင်မှားအဆင့်လောက်ပဲ သတ်မှတ်ရမပေါ့။ အသောက်တော့........အဟမ်း.........ကြာပါပြီ မသောက်ဖြစ်တာ....အဟမ်း။ ရေခဲ့သေတ္တာထဲက ဘီယာဘူးလေးတွေတောင် သနားစရာဖြစ်လို့။ ကလူသစ်လာဖွင့်တိုင်း သူ့သောက်နိုး၊ ငါ့သောက်နိုး မျှော်ကိုးနေကြတာ။ ဘီယာကျား၊ မ မကွဲခြားလို့ နို့မို့ အတူနေရတာကြာပြီဆိုတော့ အနေနီးစပ်ပြီး ခုလောက်ဆို ဘီယာဘေဘီလေးတွေတောင် အဆစ်သောက်နေရလောက်ပြီ။ ဒါမှမဟုတ် ဘီယာဘူးနဲ့ ငရုတ်ဆီပုလင်းနဲ့ ညားပြီး သောက်ရကောင်းနိုးနိုး၊ တို့စားရကောင်းနိုးနိုး ကပြားလေးတွေ တိုးပွားနေလောက်ပြီ။

ဇာတ်ပေါင်းရရင်တော့ ဘာကြိုက်တတ်လဲဆိုရင် ဘာမှမကြိုက်တတ်ဘူးလို့ပဲ ပြောရမလိုဖြစ်နေပြီ။ ဒါမှမဟုတ်.........ဟိုလူကြီးသီချင်းပဲ ဆိုပြရမလိုပဲ။

(((((( ကိုယ်ဟာ လူကြမ်းကြီးပါ )))))))

16 မှတ်ချက်:

သီဟသစ် said... [Reply to comment]

လူကြမ်းကြီး မဟုတ်ပါဘူး..
:)
လူနောက်ကြီးပါ

ခင်မင်စွာဖြင့်
သီဟသစ်

ကိုအောင်(ပျူနိုင်ငံ) said... [Reply to comment]

ဘီယာနဲ့ ဂရုတ်ဆီတော့ မှားမသောက်ပါနဲ့ အကိုရယ်၊
ပို့စ်လေး ဘာလေး အားရင် ရေးပါအုံး၊ တဂ်ပို့စ်ကို
ရေးပေးလို့ ကျေးဇူးကမ္ဘာပါ။

မေ့သမီး said... [Reply to comment]

အိမ်ကမဒမ်ကိုရော ဘယ်လိုသဘောထားပါသလဲ။ ထင်ယောင်ထင်မှားဖြစ်ခဲ့တာတော့ မဟုတ်ဘူးမလား။ :D

မေဓာဝီ said... [Reply to comment]

ဘာမှမကြိုက်ဖူးဆိုတာတော့ မယုံဘူး ကလူသစ်ရေ ...

Nge Naing said... [Reply to comment]

ဟုတ်တယ် ဘာမှ မကြိုက်ဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ လူဖြစ်ရင် တခုခုတော့ ကြိုက်ရမှာပဲ။ ရေးရပျင်းလို့ မရေးထာပဲ ဖြစ်လိမ့်မယ်။

တောင်ပေါ်သား said... [Reply to comment]

ကလူသစ် ကြိုက်တာ ဘာလဲ ကျနော်သိတယ်း))


လေးစားလျက်
တောင်ပေါ်သား

Phyo Maw said... [Reply to comment]

၂ ပတ်ကြာ စဉ်းစားပြီး ပြောထွက်ရက်ထှာ ဘာမှမကြိုက်ဘူးတဲ့

zaw said... [Reply to comment]

မထိတထိလေးကလိတတ်တာကိုတော့ကြိုက်သဗျာ

ရွှေရတုမှတ်တမ်း said... [Reply to comment]

snake...snake...sees the legs....
ကလူသစ်ကြီး ဘာကြိုက်တယ်ဆိုတာ သိပြီးသား...
ဟင်း...ဟင်းး...ဟင်း....ဟင်းး..( ဝင်းဦးလေသံဖြင့် ရီသွားသည်၊ ဦးကျောက်လုံးဟုမထင်ပါနဲ့ )

ဖုန်းမြင့် said... [Reply to comment]

မြွေမြွေချင်း ဘီယာဗိုက် မြင်တယ် လုပ်ပါဗျ ..း)

သက်ဝေ said... [Reply to comment]

လူတကိုယ် အကြိုက်တမျိုး ဆိုရိုးစကားတောင် ရှိသေးတာ... ကလူသစ် ကြိုက်တာ ဘာမှမရှိဘူးဆိုတာတော့ နဲနဲမှ ယုံချင်စရာ မရှိပါ...
ဖြစ်နိုင်တာကတော့ ကြိုက်တာကို ပြောမပြရဲတာပဲ ဖြစ်ရမယ်... ကြောက်တယ် ဟုတ်...း))
သိနေတယ်လေ.... ဟဲဟဲဟဲ

ကိုချစ်ဖေ said... [Reply to comment]

ဖတ်ပြီးတော့မှ ကလူသစ်ဘာကြိုက်တာ ဘာ ဆိုတာ သေချာသွားတယ်ဗျ နောက်ဘီယာသားပေါက်လေးတွေ မွေးထားရင်လဲထားပေါ့.တိုးပွားလာတော့ အတိုးချ သောက်ရတာပေါ့ ငရုတ်ဆီနဲ့ကပြားဖြစ်သွားတော့လဲ အသားကင်လေးနဲ့ တခါထဲမြည်းရ အဆင်ပြေတာပေါ့ဗျာ..

khin oo may said... [Reply to comment]

မရှင်းမရှင်းနဲ့..ရေးတာ.

laminkhin said... [Reply to comment]

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (မန္တလေး) ဦးသိန်းဦးဧ။် သတင်းစာရှင်းလင်းပွဲ
တွင်တင်ပြချက် MPU နှင့် မဆိုင်

:) said... [Reply to comment]

ဆိုးပါ့ဗျာ..
ဗီယက်နမ် သွားတုံးက အကြောင်း အရေးတကြီးဖတ်ချင်ကာမှ older post နဲ့ တစ်မျက်နှာချင်းရှာနေရတယ်...
ဘလော့ မာတိကာလေး၊ ဘာလေးမထားဘူး.. ဠူဇိုး...

ကလူသစ် said... [Reply to comment]

((((((((((((((အားလုံး မင်လာပါဗျိုး )))))))))))))

 
Design by Pocket Blogger Templates