ဟိုရောက် ဒီရောက် (Kuan Alley)

Dec 15, 2009



Kuan Alley ထဲဝင်လိုက်တာနဲ့ ပက်ပင်းတိုးမိတဲ့သူလေးပါ။ တွေ့တွေ့ချင်း ခံစားမိတာကတော့ တော်တော်လေးသနားသွားမိတာပါပဲ။ သူများတွေ ချမ်းလွန်းလို့ အနွေးထည်ကိုယ်စီဝတ်နေကြရတဲ့အချိန်မှာ သူလေးကတော့ အင်္ကျီရင်လျားနဲ့ ပုံစံအမျိုးမျိုးပေးပြီး ဓာတ်ပုံအရိုက်ခံနေရပါတယ်။ မော်ဒယ်တို့ ထုံးစံအတိုင်း ပိန်ပိန်ရှည်ရှည်ပါပဲ။ မော်ဒယ်တွေ ပါးလျလှတာကို ကလူသစ်မကြိုက်ပါဘူး။ နဲနဲတော့ ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်သင့်တာပေါ့။ တချို့နိုင်ငံတွေမှာ သိတ်ပါးလျလှတဲ့ မော်ဒယ်တွေကို ဆန့်ကျင်ကြတယ်လို့ ကြားဘူးပါတယ်။

အီရတ်စစ်ပွဲတုန်းက ဟော်တယ်ပေါ်ကနေ စစ်ပွဲကို လှမ်းပြီး ဗီဒီယိုရိုက်၊ သတင်းယူနေတဲ့ သတင်းထောက်နဲ့ ကင်မရာမင်းကို အမေရိကန်တပ်က မှားယွင်းပြီး ပစ်ခဲ့ဘူးပါတယ်။ ဗီဒီယိုကင်မရာကို ပုခုံးထမ်းဒုံးကျည်လို့ အမြင်မှားပြီး ရန်သူထင်လို့ လှမ်းပစ်တာပါလို့ ဆင်ခြေပေးခဲ့ပါတယ်။ ပုံထဲကလို ကင်မရာမျိုးနဲ့ဆို စစ်ဖြစ်တဲ့နေရာတွေ၊ လုံခြုံရေးတင်းကျပ်ထားတဲ့နေရာတွေကို ဝေးဝေးရှောင်နိုင်မှ ကောင်းမယ်ထင်ပါရဲ့။


 Kuan Alley မှာ (narrow alley)လမ်းကျဉ်းနဲ့ (wide alley)လမ်းကျယ် ၂ခုရှိတယ်လို့ ဆိုထားပါတယ်။ အမှန်တော့ ၃လမ်းပါ။ လမ်းကျဉ်းက နာမည်နဲ့လိုက်အောင် ကျဉ်းပါတယ်။ လမ်းကျယ်က လမ်းကျဉ်းလောက်ပဲ ကျယ်ပါတယ်။ နာမည်မထွက်တဲ့ နောက်တလမ်းက လမ်းကျယ်ထက် နဲနဲပိုကျဉ်းပြီး လမ်းကျဉ်းထက် နဲနဲပိုကျယ်ပါတယ်။


လမ်းကျဉ်းရော လမ်းကျယ်မှာပါ နေရာအနှံရှိနေတာက ကော်ဖီဆိုင်၊ ကလပ်နဲ့ စားသောက်ဆိုင်တွေပါပဲ။ အမှတ်တရပစ္စည်းအရောင်းဆိုင်တောင် တော်တော်ရှားပါတယ်။ ရှေးဟောင်းလက်ရာ အဆောက်အဦးတွေထဲမှာ ခေတ်သစ်ကော်ဖီဆိုင်တွေ၊ ကလပ်တွေ ဖွင့်ထားကြတာပါ။


ဘာမှသိတ်စိတ်ဝင်စားစရာမရှိတာနဲ့ ဟိုငေး ဒီငေး လမ်းလျှောက်လိုက်၊ ညောင်းရင် ကြုံရာဆိုင်ထိုင်၊ ကြုံရာမှာသောက်လိုက်နဲ့ပဲ တညနေပြီးသွားတာပါပဲ။


wide လဲ မဟုတ်၊ narrow လဲမဟုတ်တဲ့လမ်းမှာ ဆိုင်နဲပါးပါတယ်။ လမ်းတဖက်ခြမ်းက နံရံမှာ ဘုရားစောင်းတန်းတချို့မှာ တွေ့ရသလိုမျိုး ပန်းချီနဲ့ ရုပ်ထုနဲ့ စပ်တွဲပြီး ပြထားတဲ့ပုံတွေ ရှိပါတယ်။ တော်တော်လက်ရာမြောက်ပါတယ်။ လူပုံတွေဆိုရင် တကယ့်လူအတိုင်းအတာ အတိုင်းလုပ်ထားတာပါ။

ပန်ဒါမွေးမြူရေးစခန်းကိုလဲ သွားလေ့လာဖြစ်ပါသေးတယ်။ ပန်ဒါမွေးတဲ့နေရာသွားကြည့်တော့ ပန်ဒါတွေ တွေ့ခဲ့တာပေါ့ဗျာ။ တခြားတော့ ထူးထူးခြားခြားမရှိပါဘူး။ ငလျင်တုန်းကတော့ တချို့ပန်ဒါတွေ အဆောက်အဦးပြိုကြလို့ သေရှာသတဲ့။ တချို့လဲ လွတ်သွားသတဲ့။ ဂျက်ကီချမ်းကတော့ ယွမ် ၁သန်းလောက်လှူပြီး ပန်ဒါ ၂ကောင် တာဝန်ယူမွေးစားထားလေရဲ့။ ပန်ဒါခေါင်းရိုးနဲ့ တခြားဝက်ဝံခေါင်းရိုးတွေ ပြထားပြီး ၉၀% လောက် တူတယ်လို့ ပြောပြပါတယ်။ အရင်က ၀က်ဝံမျိုးစိတ်လို့ ယူဆထားခဲ့ကြပေမဲ့ ခုနောက်ဆုံးပေါ်သတင်းအရ ခွေးမျိုးစိတ်နဲ့ ပိုနီးစပ်ပါသတဲ့။


တည်းခိုရာ ဟိုတယ်နားမှာ လှည့်ပတ်သွားလာရင်း လက်တည့်စမ်းလာခဲ့တာပါ။ ဘာရယ်မဟုတ်ပါဘူး။




15 မှတ်ချက်:

Myo Win Zaw said... [Reply to comment]

ကလူသစ်ရေ ပင်ဒါက ခွေးမျိုးစိတ်ကိုး ဗဟုသုတရသွားပါတယ်

khin oo may said... [Reply to comment]

ဘယ်နားမှာပါလိမ့်။

khin oo may said... [Reply to comment]

ကောင်မလေးချစ်စရာ

khin oo may said... [Reply to comment]

Kuan Zhai Alley - Chengdu, China

khin oo may said... [Reply to comment]

သိချင်လို့ရှာကြည့်တာပါ။

ရွှေရတုမှတ်တမ်း said... [Reply to comment]

လက်စသတ်တော့ panda ကခွေးမျိုးကိုး...
လောကကြီးကလဲ..ခုတမျိုးတော်ကြာတမျိုးပါလားနော်

Nge Naing said... [Reply to comment]

လာဖတ်သွားပါတယ်။ ဘာလုပ်တဲ့နေရာ၊ ဘယ်မှာရှိတယ် ဘယ်လိုအရေးပါတယ် ဆိုတာ ဘာမှလည်း မပြောထားတော့ ဘယ်လိုမှတ်သွားရမှန်း မသိဖြစ်နေတယ်။

Ko Boyz said... [Reply to comment]

ကျဉ်းတာနဲ့ ကျယ်တာမှာ မျက်စေ့လည်သွားတယ်။

ကိုအောင်(ပျူနိုင်ငံ) said... [Reply to comment]

ခရီးတွေပဲ ထွက်နေလား ကိုလူသစ်ကြီး၊ ပိုက်ပိုက်ပေါနေ
ရင် အဘတို့ရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်
လှူပါအုံးဗျာ ...း)

ကိုချစ်ဖေ said... [Reply to comment]

တယောက်ယောက်က ခွေးမျိုး တွေဘာညာဆဲသံကြားရရင် ပန်ဒါလေးတွေပြေးမြင်မိပြီ.
ကလူသစ်ရေ.....

ဝေလင်း said... [Reply to comment]

အကုန်လိုက်ဖတ်သွားတယ်..ဗဟုသုတရပါတယ်ခင်ဗျ။ cbox မတွေ့လို့ ၀င်မန့်သွားတာ။ ဖတ်လို့ကောင်းလိုက်တာဗျာ

Phyo Maw said... [Reply to comment]

ကိုယ့်လူ ပုံလေး နည်းနည်း ကြီးကြီးတင်ဗျာ ဟဲ ဟဲ။
အပေါ်ဆုံးပုံက နဂိုအခံ မျက်စိကောင်းပေလို့သာ သေချာ မြင်ရတယ်။
အောက်ကပုံတွေကို နည်းနည်းကြီးရင် ကြည့်ကောင်းမယ် ထင်တယ်။
^_^

Maydarwii said... [Reply to comment]

ကလူသစ်ကြီး ဟိုရောက်ဒီရောက် ရောက်နေတုန်းပဲလား။
ပျော်ရွှင်စရာ ခရစ်စမတ် ဖြစ်ပါစေရှင် ... ။

အောင်သာငယ် said... [Reply to comment]

Merry X'Mas ပါ ကလူသစ်ရေ့

ကလူသစ် said... [Reply to comment]

အားလုံး Merry X'mas ပါဗျား

 
Design by Pocket Blogger Templates