ချစ်သမီး

Oct 17, 2009



သမီးကို ဒယ်ဒီက ဘေဘီတဲ့၊ သမီးလေးတဲ့။ မာမီက အချစ်လေးတဲ့။ ကြီးဒေါ်တွေက ပူတူးတဲ့။ ဘွားကြီးက ကောင်မလေးတဲ့။ သမီးနာမည်က.....(အင်..ဒူပါလိမ့်).... သိတ်မခေါ်ကြတော့ နာမည်တောင် ခပ်မေ့မေ့ရယ်။ ဒီလထဲမှာ သမီးအသက် ၂နှစ်ပြည့်သွားပြီ။ သူများတွေကမေးရင် အမြဲတမ်းလက်သုံးချောင်း ထောင်ပြတတ်တယ်။ ၂ချောင်းထဲမှ မထောင်တတ်တာ။ မွေးနေ့ကိတ်မှာတောင် ဖယောင်းတိုင် ၃ချောင်း မီးထွန်းရတာပဲဟာကို...နော။ ဒယ်ဒီက မွေးနေ့ကိတ်မုန့်ဝယ်ပေးတယ်။ “မစ်ကီမောက်ပုံကြိုက်လား၊ တွစ်တီပုံကြိုက်လား” တဲ့။ ကြိုက်ပါဘူး။ ပူးရှ်ပုံနဲ့ပဲ ၀ယ်ပေး။ ဟတ်ပီးဘတ်ဒေးလဲ လုပ်ပြီးရော သူတို့ပဲ စားသွားကြတယ်။ သမီးကိုတော့ နဲနဲပဲစားတဲ့။ အချိုများတယ်တဲ့။ ချောင်းဆိုးမယ်တဲ့။ အဟင့်....

တနေ့တနေ့ သမီးဘာလုပ်နေသလဲ။ ဟုတ်လား။ မနက်ဆို ကျောင်းသွားမယ်။ နေ့လည် အိမ်ပြန်အိပ်မယ်။ ညနေဆိုရင် ဒယ်ဒီရုံးပြန်အလာကို ကြိုမယ်။ ဒယ်ဒီအ၀တ်အစားလဲရင် ပုဆိုးနဲ့ စွပ်ကျယ်ယူပေးမယ်။ ခါးပတ်ချွတ်ပေးမယ်။ အံမယ်... ချွတ်တတ်တာပေါ့။ ဒယ်ဒီကတော့ ဟိုလိုလုပ်ရတယ်၊ ဒီလိုလုပ်ရတယ်နဲ့။ တော်တော် ဆရာလုပ်။ သမီးကတော့ ဒီလိုပဲ အတင်းဆွဲချလိုက်တာပဲ။ အဓိကက ခါးပတ်နဲ့ ဘောင်းဘီ တခြားစီဖြစ်သွားဖို့ မဟုတ်ဘူးလား...နော။

နောက်ပြီး ဒယ်ဒီက အရမ်းကွန်ပလိန်းတက်တာပဲ။ သမီးကို ချီရလို့တဲ့။ ခါးနာနေတယ်တဲ့။ သမီးဝိတ်က ၁၆.၅ ကီလိုပဲရှိတာလေးကိုများ။ အရပ်လား။ သိတ်မရှိပါဘူး။ ဒယ်ဒီခါးလောက်ပဲရှိတယ်။ ဟိုတရက်က တိုင်းကြည့်တာ ၀.၉၄ မီတာတဲ့။ အိမ်မှာတောင် တွေ့ရာကဒ်ပြားနဲ့ ဘတ်စ်ကားအတက်အဆင်း လေ့ကျင့်နေသေးတယ်။ ဆိုဖာလက်တန်းတွေကို ကဒ်ပြားနဲ့တို့လိုက်၊ “တီ” လို့ ပါးစပ်ကအော်လိုက်နဲ့ပေါ့။ ဒီတခါ အမ်မာတီစီးရင် ဒယ်ဒီကို တကယ့်ကဒ်ပြားအစစ်ဝယ်ခိုင်းရမယ်။ မ၀ယ်ပေးရင် ဟိုမှန်လုံအခန်းထဲက အန်တီနဲ့ သွားတိုင်ပြောမယ်။ ဟွန်း....။ ဒယ်ဒီက တခြားနေရာတွေမှာသာ “သမီးလေး လမ်းဆင်းလျှောက်ပါလား” “ဒယ်ဒီနဲ့ လက်တွဲပြီး လမ်းလျှောက်မယ်လေ” ဆိုပြီး လုပ်နေတာ။ အမ်မာတီအ၀င်အထွက်ဆိုရင်တော့ လမ်းလျှောက်ပါမယ်ဆိုတာတောင် မရဘူး။ အတင်းချီတာပဲ။ ဘယ်လိုနားလည်ရမှန်းမသိတော့ဘူး။ ဒါကြောင့် လူကြီးတွေ ခက်တယ်လို့ပြောတာ။
ဘာလဲ စာဖတ်ရတာနဲ့ အားမရဘူး။ ဟုတ်လား။ သမီးပြောပြတာကိုပဲ နားထောင်ချင်တယ်ပေါ့။ အေးလေ အလိုလိုက်ရမှာပေါ့။ လူကြီးတွေပဲဟာ။ ကဲ...အောက်က ဖိုင်ကိုဖွင့်ပြီး နားထောင်ပေတော့။

video

38 မှတ်ချက်:

Phyo Maw said... [Reply to comment]

ချစ်စရာလေး
အသက်က တအားငယ်သေးတာတစ်ခုပဲ
(ဆိုင်လဲမဆိုင်ဘူး)

ဒါနဲ့ သမီးက အနော်နားမလည်တဲ့ ဘာသာစကားနဲ့ ပြောနေတော့ ဘာတွေပြောနေမှန်း မသိဘူး =D
ဘာသာပြန်စာတန်းထိုးပါဗျို့

CONTACT said... [Reply to comment]

Happy Birthday ပါ သမီးလေးရေ.. စကားပြောနေတာ ရီရတယ်.. ၂ခေါက်ပြန်ဖွင့်ယူရတယ်..နောက်တခါ ပီအောင်ပြောပြီး ဗီဒိုရိုက်တင်နော်.. KM

pandora said... [Reply to comment]

ချစ်စရာကောင်းလိုက်တာ.. သမီးကပိုလှလာတယ်။ ပါးလေးလိမ်ဆွဲချင်စရာ

SDL said... [Reply to comment]

ကမျူး၊ ကမြုံးကော့ မိက မိက..... တပ်ပက် တပ်ပက်၊ တော်ပီး ......မြဲကော့ ဂျူးဂျူးအပ်

ဖုန်းမြင့် said... [Reply to comment]

ကိုယ်ကို ဆိုဆုံးမမယ့်လူတယောက်တိုး လာတယ်လို့ သဘောထားပေါ့ ကလူသစ်ရယ် ...း)

Kay said... [Reply to comment]

ဘေဘီ လူသစ်ကလေး..၂ နှစ်ပြည့် ပျော်ရွှင်ပါစေ..
ချစ်စရာ ကောင်းလိုက်တာ..:D

Nge Naing said... [Reply to comment]

ကိုလူသစ်သမီးလေးက ချစ်စရာလေးနော့်။ အခုမှတခါ ပြန်တွေ့ရတယ်။ မွေးနေ့က ဘယ်တုန်းက ပြည့်သွားတာလဲ။ ကြိုမတင်ပဲနဲ့ ပြည့်ပြီးမှ တင်တော့ Happy birthday ကို နောက်ပြန်လှည့်ပြီး ပြောမှ ရတော့မယ်။ ကျန်းမာပျော်ရွင်၊ ပညာထူးချွန်ပြီး ရတနာသုံးပါးနဲ့ မိဘဆရာသမားကျေးဇူးကို သိတတ်တဲ့ သမီးကောင်းရတနာလေး ဖြစ်လာပါစေ။

Nai ရဲ့  ရွှေရတုမှတ်တမ်း said... [Reply to comment]

Happy Birthday..သမီးရေ..
အဖေကြီး က သမီး Birthday နဲ့ အလုပ်ရှုတ်နေတာကိုး...

သက်ဝေ said... [Reply to comment]

သမီးပြောတာ နားထောင်ပြီး ချစ်စရာတွေကောင်းလွန်းလို့ ဘာစကားမှ မဆိုနိုင်အောင် ဖြစ်သွားပါတယ်...
(စင်စင်ကတော့ အရွယ်တူချင်းတွေဆိုတော့ သမီးလေး ပြောတာတွေ အတိအကျ နားလည်ပုံပဲ... :P)

Happy Birthday ပါ သမီးလေးရေ...

(သမီးမွေးနေ့ မှန်အောင်ပြောရင် မုန့်ကျွေးမယ်ဆိုလို့ ဟိုနေ့က တခါ ဆုတောင်းပေးပြီးပြီနော်.. ခုထိဘာမှလဲ မစားရသေးပါလား ကလူသစ်ရေ...)

momiji said... [Reply to comment]

မီးမီးလေးး..

မွေးနေ့မှာ ပျော်ရွှင်ပါစေ..။

မီးမီးလေး တီတာတာ
ဖေဖေကြီးမှာ ချစ်လိုက်တာ

မီးမီးလေး လူလည်ကျ
ဖေကြီးချစ်မဝ

မီးမီးလေး...ချစ်စရာလေး...သမီးလေးရေ..ပျော်ရွှင်ပါစေ..။

အန်တီမြတ်နိုး

momiji said... [Reply to comment]

ခဏခဏ နားထောင်ရင်း ရီနေတာ..

ကိုလူသစ် နားလည်လား သူဘာပြောတာလဲဆိုတာ..

သူအပြင်သွားချင်တာ ဖေကြီးက မသွားရဘူးပြောလို့ သူ့အမေ ကို လှမ်းတိုင်နေတာ..

ဒါမှမဟုတ်
သမီးလဲ အလှပြင်ချင်တာ ပေါ့ဖေကြီးရတဲ့..

ဒါမှမဟုတ်....။

မြတ်နိုး

Moe Cho Thinn said... [Reply to comment]

သမီးလေးက ချစ်စရာကောင်းလိုက်တာ။ စကားတွေလဲ ဘာတွေ ပြောမှန်းမသိ၊ ရီလိုက်ရတာ။
အဖေ့ကို နိုင်စားမဲ့ ကလေးလေး နေမှာ။ :)

Moe Cho Thinn said... [Reply to comment]

အရမ်းချစ်စရာကောင်းတာပဲနော်။
တို့နှစ်ယောက် ခဏခဏ ပြန်ဖွင့် နားထောင်နေမိတယ်။
ကလေးမိဘတွေတော့ အသည်းတုန် အူတုန် ချစ်မှာ သေချာတယ်။ :)

Maydarwii said... [Reply to comment]

ကလူသစ်ကြီး သမီးလေးတောင် ၂ နှစ်ပြည့်သွားပြီလား။ သမီးလေးက ပါးဖောင်းဖောင်းလေးနဲ့ တအားချစ်ဖို့ကောင်းတာပဲ။
သူစကားပြောတာလေးကြည့်ပြီး ပိုချစ်သွားတယ်။
နှုတ်ခမ်းလေး တထော်ထော်နဲ့ မပီကလာပြောနေတာ။
ဘာတွေပြောမှန်းတော့ နားမလည်ဘူး။ ချစ်ဖို့အရမ်းကောင်းတယ်။

သမီးလေး မွေးနေ့ပေါင်းများစွာ အမြဲပျော်ရွှင်ချမ်းမြေ့ပြီး ယဉ်ကျေးလိမ္မာတဲ့ သမီးလေေးဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

sait phay yar said... [Reply to comment]

ကလေးတောင် ၂ နှစ်ရှိသွားပီနော်
ဟိုအရင်ကတည်းက ကလေးလေးကိုချစ်လို့ သူ့ပုံလေးသိမ်းထားဘူးတယ်

မမသီရိ said... [Reply to comment]

သမီးရေ ပြော ဆိုတာနဲ့ ပြောတဲ့ ပုံပဲ..း)
ထက်မြက်မဲ့ ပုံလေး
အရမ်းချစ်စရာကောင်းတယ်

ဒူကဘာ said... [Reply to comment]

ဘာမှ မဟုတ်ရပါဖူး အရပ် ကတို့ရေ...အဲတာ အခါကြီး ရက်ကြီး သီတင်းကျွတ် ဆိုတော့ သမီးက သူ့အဖေရဲ့ တနှစ်စာ လုပ်ရပ်တွေ ဆို ဆုံးမနေတာ၊ သေခြာ သိချင်ယင်တော့ ကလူသစ် မရှိချိန် မဒမ်ကလူသစ် ဆီ ဖုန်းဆက် ဝှက်စာ မေးပေတော့။

ကိုအောင်(ပျူနိုင်ငံ) said... [Reply to comment]

ကိုလူသစ် သမီးလေးအတွက် Happy Birthday ပါ
ကလေးက ဘာပြောနေတာလဲ ...
အဖေ ဘလော့ရေးဖို့ တောင်းဆိုပေးနေတာလား ..
ကန့်ကွက်နေတာလား ...
း)

သစ်သစ် said... [Reply to comment]

ချစ်စရာကောင်းလိုက်တဲ့ ကလေးလေး ဘာတွေပြောလဲသိချင်တယ်....း)

MieMie said... [Reply to comment]

သမီးလေး ဗီဒီယိုကို ချစ်စရာကောင်းလွန်ူးလို့ ၃ ခါကြည့်သွားပါတယ်...ဘ၀တလျောက်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်....သမီးလေးရဲ့  ဆံပင်တွေကောင်းမှကောင်း မျက်လုံးလေးကလည်း
နက်နက်ကလေး...ကလူသစ်ကြီး သမီးချောချောလေးရထားတာ ကံကောင်းတယ်နော်...


mie nge

momiji said... [Reply to comment]

သမီးလေးကို အခါအခါကြည့်
ကြည့်မဝဘူး
ချစ်စရာကောင်းလို့

မြူးသျှရီ said... [Reply to comment]

တခါမှမရောက်ဖူးဘူး
ပထမဆုံးအကြိမ်လာဖူးချင်ပါ
ပထမဆုံးပဲ အရမ်းချစ်စရာကောင်းတဲ့
သမီးလေးရဲ့ ဘာပြေားမှန်းမသိတဲ့ စကားတွေ နားထောင်သွားတယ် အရမ်းချစ်စရာကောင်းတာပဲ
မွေးနေ့ မှစပြီး ဘ၀တလျှောက် အောင်ပန်းသရဖူးဆောင်းနိုင်ပါစေ သမီးလေးရေ.....

SDL said... [Reply to comment]

မနေ့ကလည်း ခဏခဏ၊ ဒီနေ့လည်း နှစ်ခါရှိပြီ
ကလေးဗီဒို လာကြည့်တာ...။

ကလူသစ် said... [Reply to comment]

Phyo Maw, CONTACT, pandora, SDL, ကိုဖုန်းမြင့်, Kay, Nge Naing, Uncle Nai, မသက်ဝေ, momiji Moe Cho Thinn, Maydarwii, sait phay yar, မမသီရိ၊ ကိုဒူကဘာ၊ ကိုအောင်၊ သစ်သစ်၊ mie nge၊ မြူးသျှရီ

အားလုံးမင်လာပါဗျား။ အီးမေးလ်စစ်ကြည့်ကြပါအုန်း။ ကိတ်မုန့်ကို အီးမေးလ်ကနေ အတက်မန့်နဲ့ ပို့ပေးထားတယ်တဲ့ :)

လူလ said... [Reply to comment]

မင်္ဂလာပါ ကိုလူသစ်

ခရီး ထွက်နေပါသည်။ ရောက်နောက်ကျ၏။ စကားမစပ် “ ဗ ” မှာ အသိမိတ်ဆွေ မရှိဘူးလား။ ရှိရင် မိတ်ဆက်ပေးပါ အထူးသဖြင့် ဖုန်းနံပါတ် ။ အခု “ ဗ ” ကို ရောက်နေ၏ ။ မှတ်ချက် ။ ။ လူရည်သန့်မဟုတ်သော သူတယောက် အသိ ဖြစ်ချင်တယ်။ မကောင်းမှုတွေ လုပ်ချင်လို့.. ဟဲဟဲ။ အမြန်ဆုံး ပြန်အကြောင်းကြားပါ အဟိ

အောင်သာငယ် said... [Reply to comment]

Happy Birthday ပါသမီးရေ့...
Junior ကလူသစ်ကတော့ အဖေ့ထက် တော်မယ့်ပုံပဲ...း)

ဆောင်း said... [Reply to comment]

မီးမီးလေးက ချစ်စရာကောင်းလိုက်တာ နုတ်ခမ်းလေး စုလိုက် ပါးလေးဖောင်းလိုက်နဲ့  ပထမဆုံးပြောတာက တမီးက တမီးကို ဆိုတာဘဲ သိလိုက်တယ်။
ချစ်စရာကောင်းလွန်းလို့  ပါးလေးလိမ်မဆွဲရက်ပါဘူး မီးမီးလေးကို ဖက်နမ်းချင်တယ်။
မီးမီးပုံလေး ပို့ ပေးပါ

saundoo@gmail.com

PC said... [Reply to comment]

ဒယ်ဒီမီးကို ချစ်တယ်လို့ ပြောထားတာဘဲ.......

( မြန်မာပြည်သိန်းတန်+ပိုးဒါလီ+ဖြိုးသီတာ)

Happy Birthday...... သမီးလေးရေ..

khin oo may said... [Reply to comment]

အတည်ပေါက်နဲ့အတော်စကားများမဲ့ဟာလေး။

khin oo may said... [Reply to comment]

Happy birthday သမီးလေး။

khin oo may said... [Reply to comment]

သိတ်လည်းမကြီးလာသေးသလိုဘဲ

ရေထဲကအကျီအဝါလေးနဲ့ပုံမျက်စိထဲကမထွက်သေးဘူး။

ကလူသစ် said... [Reply to comment]

ကိုလူလ၊ ကိုအောင်သာငယ်၊ ဆောင်း၊ PC ၊ ဘွားဘွား KOM... နောက်ကျတဲ့သူတွေ နောက်ချေးနဲ့သလဲပဲရမယ်တဲ့။ ကိတ်မုန့်ဝေပြီးသွားလို့ ကုန်ပြီတဲ့။

ကိုလူလ...ဗ ဆိုတာ ဗြိတိန်လား၊ ဗမာပြည်လား၊ ဗီယက်နမ်လား၊ ဘာလဲဗျ။ ဘယ်ပဲရောက်ရောက်ပါ။ ကလူသစ်အသိထဲမှာ လူရည်မသန့်တဲ့သူမရှိဘူးဗျ။ အားလုံး ရှယ်တွေချည်းပဲ ခွိခွိ

မေ့သမီး said... [Reply to comment]

သမီးကိုဘာဘာသာစကားသင်ထားတာလဲဟင်။ :D

momiji said... [Reply to comment]

ထပ်လာထပ်ကြည့်
အခါခါကြည့် ..ချစ်လို့..

အနီးက မိဘတွေ ဘယ်လောက်များချစ်လိုက်မလဲနော်..

momiji said... [Reply to comment]

ထပ်လာထပ်ကြည့်
အခါခါကြည့် ..ချစ်လို့..

အနီးက မိဘတွေ ဘယ်လောက်များချစ်လိုက်မလဲနော်..

SDL said... [Reply to comment]

ဂျူးဂျူးအပ် ဆီသို့
ယနေ့ တစ်ခေါက်

HAPPY CLOUD said... [Reply to comment]

ပထမတစ်ခေါက်လာကြည့်တယ်။ သဘောတွေကျပြီးပြန်သွားတယ်။ ယခုဒုတိယတစ်ခေါက်ကျတော့ မဒမ်မိုးကို ခေါ်ပြရတယ်။ “အဲသလိုလေး လိုချင်တယ်” လို့။ :D

အားကျလျက်
မိုးမောင်

ဆောင်း said... [Reply to comment]

မီးမီးလေး က ချစ်စရာကောင်းလို့  ထပ်လာနားထောင် သွားတယ်။

နုတ်ခမ်းလေး စူလိုက် ပါးဖောင်းလိုက်နဲ့ သွားရည် မကျအောင်လည်း ထိန်းနေရရှာတာ ဟင်းဟင်း

 
Design by Pocket Blogger Templates