“ဒေါ်စုအိမ်ကို အမေရိကန်တကောင် ရေကူးဝင်သွားလို့တဲ့ သိပြီးပြီလား” ကားပေါ်ထိုင်လိုက်တာနဲ့ သူငယ်ချင်းက သတင်းပေးပါတယ်။ ဘာအကွက်ထွင်ပြန်ပြီလဲလို့ တွေးရင်း “မင့် ဘယ်သူပြောတာလဲ” ပြန်မေးလိုက်တော့ “ဂျာနယ်ထဲပါတယ်လေကွာ” တဲ့။ မနေ့တနေ့ကဖြစ်တာကို ချက်ချင်းလက်ငင်း ဂျာနယ်ထဲ ထည့်တယ်ဆိုတော့ မယုံသင်္ကာစိတ်က ၉၉.၉၉% လောက်ရှိပါတယ်။ သတင်းစာလား၊ ဂျာနယ်လား၊ ဘယ်ဂျာနယ်လဲဆိုတာတောင် ဆက်မမေးဖြစ်တော့ပါဘူး။ ၀ယ်လဲမဖတ်ဖြစ်ခဲ့ပါဘူး။
အဲ့ဒီအချိန်တုန်းက ကလူသစ် ရန်ကုန်မှာရောက်နေပါတယ်။ ရန်ကုန်မှာ လူများစုထဲက လူတယောက်လိုနေလိုက်တော့ ဟိုဝတ္တုလိုပဲ “ဘာဘာ ဘာမှမသိဘူး” ဖြစ်သွားတော့တာပါပဲ။ အင်တာနက်မသုံးနိုင်ဘူး၊ စလောင်းမကြည့်နိုင်ဘူး ဆိုရင် ကမ္ဘာပျက်ရင်တောင် သေမှ “အော် ကမ္ဘာပျက်ပါပေါ့လား” လို့ သိရမဲ့အဖြစ်ပါပဲ။ BBC ၊ VOA နားထောင်တဲ့ ရေဒီယိုသံတောင် မကြားခဲ့ရပါဘူး။ ၂ပတ်လောက်ပဲနေတာဆိုတော့ မကြုံတာလဲဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ နောက်ရက်တွေမှာလဲ ဒီသတင်းနဲ့ပက်သက်ပြီး လူစုစု၊ တီးတိုးတီးတိုး ပြောတာဆိုတာ မတွေ့ရတော့ မေ့မေ့ပျောက်ပျောက်ပဲထားခဲ့တာပါ။ မြန်မာပြည်က လူများစုကလဲ သူလုပ်စရာရှိတာကိုပဲ ဦးစားပေးလုပ်နေကြရတာပါ။ စားဝတ်နေရေးပါ။ ဗိုက်ဟောင်းလောင်းက ကျည်ဆံမကြောက်ဘူးဆိုပြီး အားရ၀မ်းသာ ဖြစ်မနေကြနဲ့ဦး။ နာဂစ်ကို လေ့လာလိုက်အုန်း။ မတတ်နိုင်သူတွေက ကုန်းရုန်းရှာဖွေနေကြ၊ တတ်နိုင်သူတွေက စားသောက်ပျော်ပါးလိုက်ကြနဲ့ပါပဲ။
ပြည်သူလူထု ဘယ်လိုငတ်ပြတ်နေတယ်၊ မြန်မာပြည် ဘယ်လိုစုတ်ပြတ်နေတယ်ဆိုတာ လူတိုင်းလိုလိုသိပါတယ်။ ရေးကြသားကြတာတွေလဲရှိပါတယ်။ ကလူသစ် ရန်ကုန်ပြန်မယ်လို့ စီစဉ်ကထဲက တိုးတက်နေတယ်လို့ မဟုတ်တောင် ကြိုးစားလုပ်ကိုင်နေပါတယ်ဆိုတာမျိုးတွေ့ရင်ကို တပုဒ်တလေတော့ ရေးလိုက်အုန်းမယ်လို့ စဉ်းစားထားပါတယ်။ သွားရင်း လာရင်း ဘလော့ဂ်ဂါနား၊ ဘလော့ဂ်ဂါမျက်စိနဲ့ နေခဲ့တာတောင် ပြန်လာတော့ ဘာမှရေးစရာ မပါလာဘူး။ ဓာတ်ပုံလဲ တပုံမှ မရိုက်ဖြစ်ခဲ့ဘူး (၀မ်းနည်းပါတယ် ကြပ်ကလေး)။
ပြန်ရောက်လာတော့ သတင်းစုံကြားရပါပြီ။ ဒေါ်အောင်ဆန်းစုကြည်လဲ ထောင်ထဲရောက်နေပါပြီ။ နိုင်ငံတကာအစိုးရမင်းများကလဲ ထုံးစံအတိုင်း စိုးရိမ်မကင်းဖြစ်နေကြပါပြီ။ ထုံးစံအတိုင်း သတိပေး တိုက်တွန်းနိုးဆော်စာတွေ ထုတ်နေကြပါပြီ။ နိုင်ငံတကာက အင်အားစုတွေကလဲ ထုံးစံအတိုင်း သံရုံးတွေရှေ့မှာ ဆန္ဒတွေပြနေကြပါပြီ (ထုံးစံအတိုင်းမဟုတ်တာကတော့ ခွပ်ဒေါင်းခေါင်းစည်းကို ပြောင်းပြန်စည်းတာ ထင်တာပဲ)။ ထုံးစံအတိုင်း ကြေညာချက်တွေ ထုတ်နေပါပြီ။ ထုံးစံအတိုင်း အစည်းအဝေးတွေလုပ်နေကြပါပြီ။ ထုံးစံအတိုင်း ချိန်းခြောက်နေကြပါပြီ။ ထုံးစံအတိုင်း ကြွေးကြော်သံတွေ ထုတ်နေကြပါပြီ။
အမှန်တော့လဲ အာဏာရှင်ကို တိုက်တဲ့အခါ ပေါ့စတစ်ဖက်ကို ဦးတည်တဲ့ ဘယ်လိုဟာမျိုးမဆို၊ ကြီးကြီး သေးသေး နိုင်သလောက်လုပ်ရမှာပါပဲ။ နိုင်ငံတကာအင်အားစုတွေကလဲ ကိုယ်လုပ်စရာရှိတာလုပ်၊ မြန်မာပြည်က လူထုကလဲ ကိုယ်လုပ်စရာရှိတာလုပ်ပေါ့။ ဒီလိုပဲ နေပြည်တော်က အဘတို့ကလဲ ကိုယ်လုပ်စရာရှိတာလုပ်နေလိမ့်မှာပေါ့။ ကျန်တဲ့အင်အားစုနှစ်ခု ဘာလုပ်နေသလဲ၊ ဘာကြံနေသလဲတော့ မသိဘူး။ မြန်မာပြည်က လူထုကတော့ စားဝတ်နေရေး အဓိကလိုဖြစ်နေတယ် ထင်ပါတယ်။
ခုလောလောဆယ် အင်းစိန်ထောင်နားက ဓာတ်ပုံတွေတွေ့ရတော့ စင်္ကာပူမှာ အခြေခံဥပဒေမဲပေးချိန်လေးကို သတိရသွားတယ်။ လူအင်အား ၃၊ ၄ထောင်လောက် အားတက်သရော မဲလာပေးကြသပေါ့။ အနီရောင်တွေ ရဲတွတ်နေတာပဲ။ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့သူ၊ မှီခိုသူ ၅သောင်းအောက်တော့ မလျော့ဘူးလေ။ ခုလဲ ခေါင်းဆောင်ဆိုတဲ့သူများ သတိချပ်မိစေဖို့ပါ။
လက်ရှိ လုပ်တာကိုင်တာ အမှန်ဆုံးလူတွေကတော့ ဘုရားမှာ ၀တ်ပြုဆုတောင်းနေကြတဲ့သူတွေပါပဲ။ ဘာလို့ အမှန်ဆုံးဖြစ်ရသလဲဆိုတော့ တခြားနည်းလမ်းတွေ ဖြစ်လာစရာ မမြင်မိလို့ပါပဲ။ သိကြားမင်းကိုလဲ မမျှော်ပါနဲ့။ မြန်မာပြည်သူတွေရဲ့ အပူမီးတွေကြောင့် သူ့ ဟိုကျောက်ဖျာကြီး အမြဲတမ်းတင်းနေလို့ ကိုယ်တွေလက်တွေနာပြီး အနှိပ်ခန်းရောက်နေလောက်ပါပြီ။ ငရဲမင်းကိုလဲ မတမ်းတပါနဲ့။ သူ့ခမျာလဲ ရောက်နှင့်နေပြီးသား သကောင့်သားတွေနဲ့တင် တော်တော် စိတ်ညစ်နေလောက်ပါပြီ။ မြတ်စွာဘုရားကိုပဲ ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ တခုခုကို သစ္စာတိုင်တည်ပြီး ဆုတောင်းပေးကြပါ။
Tears of the Sun ဇာတ်ကားထဲက Bruce Willis ပြောခဲ့တာကို မွန်းမံပြီး “God already left Burma” လို့တော့ မပြောရလောက်ဘူး ထင်ပါရဲ့။

38 မှတ်ချက်:
အကြောက်တရားကို တွန်းလှန်နိုင်ဖို့ဆိုတာ အချိန်တော့ ယူရမှာပဲ ကလူသစ်ရေ.. ဒါ့ကြောင့် ကိုယ်ကစပြီး တွန်းလှန်သင့်တယ်လို့ ထင်တာပဲ။ ဘာလို့ဆို ကိုယ်က ပိုသိနေလို့ပါပဲ..ထိုင်နေလို့တော့ ဘာမှဖြစ်မလာနိုင်ပါဘူး။ ဘာမှဖြစ်မလာနိုင်ဘူးဆိုပြီး ဘာမှ မလုပ်တော့လဲ ဘာမှကို ပိုလို့မဖြစ်လာနိုင်တော့ပါဘူး။ ကျမတို့ကတော့ အောင်ပွဲဆိုတာကို ယုံကြည်ပါတယ်။ အပြင်ကပေမယ့်လဲ အဲဒီအပြင်ကနေ အတတ်နိုင်ဆုံး လုပ်နိုင်တာကို လုပ်ဖို့ပဲ ကြိုးစားနေပါတယ်။ လက်လျှော့ဖို့ကို ဘယ်တော့မှ မစဉ်းစားခဲ့ပါဘူး။ ဒါကလဲ ဒေါ်လာစားဘာညာတွေကြောင့် မဟုတ်ဘူး ကလူသစ်ရေ။ တော်လှန်ရေးက ကျွေးတဲ့ ထမင်းကို စားနေလို့၊ တော်လှန်ရေးက ပေးတဲ့ အလုပ်ကို လုပ်နေရလို့ပါပဲ။ ကလူသစ်ရဲ့ ဒီပို့စ်ကို ဖတ်ရတာ စိတ်မကောင်းလွန်းလို့ဒီစာကို ၀င်ရေးမိတာပါ။
ကလူသစ် ရေးထားတဲ့အတိုင်းဆိုရင် လက်ရှိအခြေအနေအရ အမှန်တွေပါဘဲ ။ ဆုတောင်းရလွန်းလို့ မြတ်စွာဘုရားလည်း မြန်မာတွေနားကနေ နားပူပြီးထွက်ပြေးလောက်ပြီထင်တယ်..။ ၈၈ တုန်းကလည်း ၈၈...၈၈...၈၈, ရွှေဝါရောင် ကျတော့လည်း ရွှေဝါရောင်..ရွှေဝါရောင်..., နာဂစ်ဖြစ်ပြန်တော့လည်း နာဂစ်...နာဂစ်...နာဂစ်...,ဟောအခု ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး.....။ ဘ၀ပေါင်းများစွာပေးဆပ်ခဲ့ ပြီးပြီ။ နောက်ထပ်........ လဲ ?
သိကြားမင်းက အနှိပ်ခန်းရောက်နေတာကိုး ... ဒါကြောင့် ထင်တော့ထင်သား တရားကိုစောင့်တဲ့နတ် ပျောက်နေတာ အားလုံးတန်းစီ အနှိပ်ခန်းထဲ ရောက်နေကြထင်ရဲ့ ကလူရေ ...
အမှန်တရားတွေပဲ..
ပြည်သူတွေမယုံတော့တာ ပါဝင်မပက်သက်တော့တာလဲ အပြစ်မှမဟုတ်တာပဲ ကိုကလူသစ်ရဲ့..
ယုံကြည်မျှော်လင့်ချက်တွေကို ဖျက်ဆီးခံလိုက်ရတော့ ဘယ်သူမှ မယုံတာ အဆန်းမှမဟုတ်ပဲ။
တနေ့ကတောင် မြန်မာပြည်က ဘော်ဘော်တွေကပြောတယ်.။ ဟေ့ ဒီမှာအေးဆေးပဲကွ တဲ့ မအေးဆေးတာ အင်တာနက်တဲ့။ ကဲ ..ရီစရာ မကောင်းဘူးလား။
“A Slave is one who waits for someone to come and free him” [Ezra Pound]
http://sonata-cantata.blogspot.com/2008/11/blog-post_20.html
ပြည်တွင်းက လုံလောက်တဲ့ လူဦးရေနဲ့ မလုပ်ပဲနဲ့ ပြည်ပကဘာမှ လုပ်လို့ မရဘူးဆိုတာ ပြည်တွင်းကလူတွေ နားလည်ဖို့ သိပ်ကို လိုအပ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးရမည့် နေရာမှာ အမေရိကန်မျှော်၊ UN ကိုမျှော်နေတာတွေဟာ သိပ်ကို ၀မ်းနည်းစရာကောင်းပါတယ်။ ၈၈ ကလို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်တဲ့ လူထုအုံကြွမှု တခု ဖြစ်မလာပဲနဲ့ တခြားကို မျှော်လင့်နေတာ ဘာမှဖြစ်လာမှာ မဟုတ်တာကို မျှော်နေတာနဲ့ အတူတူပဲ။ မျှော်တဲ့အတိုင်း အကြောင်းတိုက်ဆိုင်လို့ မတော်တဆ ဖြစ်လာခဲ့တယ်ပဲ ထားတော့ ဒီနည်းနဲ့ ရလာတဲ့ ဒီမိုကရေစီဆိုတာကကော ရေရှည် ငြိမ်းချမ်းမှု ရှိနိုင်ပါ့မလားဆိုတာကိုလည်း စဉ်းစားဖို့ လိုပါတယ်။ အကြမ်းမဖက်ပဲ ငြိမ်းချမ်းသောနည်းနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်အောင် လုပ်ကြရင် အောင်မြင်မှာ သေချာပါတယ်။ ကျွန်မတို့ ၈၈ က တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်လာတဲ့ အရေးအခင်းမှာ ဘယ်သူ့အကူအညီ ဘယ်သူ့ဖိအားမှ ပါခဲ့တာ မဟုတ်ပဲ ပြည်တွင်းမှာ ရှိတဲ့ ကျောင်းသားတွေက တညီတညွတ်တည်း စတင်လို့ လူထုပါလာတာ ဖြစ်တယ်။ အဲဒီတုန်းက ဗကသက ကိုမင်းကိုနိုင် လက်ရေးနဲ့ ကိုမင်းကိုနိုင်ကိုယ်တိုင် အဆိုင်းထိုးထားတဲ့ ၆၂ ကနေ ၈၈ အထိ အရေးခင်းတွေမှာ မဆလ အစိုးရက ကျောင်းသားတွေကို ဘယ်လို နှိပ်နှင်းခဲ့တဲ့အကြောင်းတွေ၊ အာဏာရှင်ကို ဖြုတ်ချဖို့ ၈ ရက်နေ့မှာ စဖို့တိုက်တွန်းထားတာတွေ ပါတဲ့ စာတစောင်ကို မတ်လ အရေးအခင်းနဲ့ ဇွန်လ အရေးအခင်းမှာ ကျောင်းပိတ်လိုက်လို့ ပြန်ဆင်းလာတဲ့ တက္ကသိုလ်ကျောင်းသားတွေက ယူလာပြီး ကျွန်မတို့ အထက်တန်းနဲ့ အလယ်တန်းကျောင်းသားတွေ လက်ထဲကို မိတ္တူကူးပြီး ဖြန့်ဝေခဲ့တယ်။ အဲဒီတုန်းက ဒီစာကို ဖတ်ပြီး ကျွန်မတို့ အခံရခက်ဆုံးက တခြားအရေးခင်းတွေထက် လတ်တလော ဖြစ်သွားတဲ့ တံနားနီအရေးအခင်းပဲ ဖြစ်တယ်။ အဲဒီစာကို ဖတ်ရပြီးနောက်ပိုင်း အလယ်တန်းကျောင်းအဆင့် ရှိတဲ့ ကျေးရွာတွေအထိ တနိုင်ငံလုံးမှာ ရှိတဲ့ ကျွန်မတို့ အထက်တန်းနဲ့ အလယ်တန်း ကျောင်းသားတွေက လူလစ်ရင် လစ်သလို အရိပ်ကောင်းတဲ့ သစ်ပင်ကြီးကြီး၊ လူအများစုဝေးလေ့ရှိတဲ့ အဆောက်ဦး၊ ဈေး ရုပ်ရင်ရုံ စတဲ့နေရာမှာ ထိရောက်တဲ့ စာတိုလေးတွေရေးကာ လိုက်ကပ်ပြီး ၈ ရက်နေ့မှာ လမ်းပေါ်ထွက်ဖို့ တနိုင်ငံလုံးက လူထုကို နိုးဆော်အသိပေးခဲ့ပါတယ်။ အရေးခင်း စမည့် ၈.၈.၈၈ မှာ အော်ရမည့် ကြွေးကြော်သံတွေကို တက္ကသိုလ် ကျောင်းသားတွေက မိတ္တူများများလုပ်ပြီး ပြင်ဆင်ထားပေးတယ်။ ဒီနည်းနဲ့ ၈၈ အရေးအခင်းကြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပြီး လူထုပါလာခဲ့ပါတယ်။ အခုချိန်မှာလည်း ဒီလို အရေးအခင်းတခု ဖြစ်လာနိုင်မှ ပြင်ပဖိအားနဲ့ ပေါင်းပြီးလို့ရမှာ ဖြစ်တယ်။ အင်အားက ပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်ပကို အားမကိုးကြပါနဲ့။ ပြည်ပက အကြမ်းဖက်ဖို့ မြှောက်ပေးတိုင်းလည်း လိုက်မလုပ်ပါနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စည်းကမ်းရှိကြပါဆိုတာ ငြိမ်းချမ်းသောနည်းနဲ့ ဆန္ဒကို ဖေါ်ပြကြဖို့ကို ပြောတာ ဖြစ်တယ်။ မြန်မာပြည် ဒီမိုကရေစီ ရဖို့ဆိုတာ ကျောင်းသားနဲ့ ရဟန်းသံဃာတချို့ရဲ့ ဆန္ဒလောက်နဲ့ မလုံလောက်ပါဘူး။ ပြည်တွင်းကလူတွေရဲ့ လုံလောက်သော လူဦးရေမှာ လုံလောက်သော ပြင်းပြသည့် ဆန္ဒရှိမှသာ ဖြစ်နိုင်ပါလိမ့်မယ်။
ထုံးစံအတိုင်း ဖတ်သွားတယ်ဗျာ...
ထုံးစံအတိုင်း စဉ်းစားရင်း ပြန်ပြီဗျ...
အကြောင်းအမျိုးမျိုးကြောင့် ဘောင်ခတ်ထားသလိုဖြစ်နေတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းမှာ အမြင့်ဆုံးလုပ်နိုင်တာက ထုံးစံအတိုင်းတွေပဲထင်ပါရဲ့ ။ အဲဒီတော့လဲ ထုံးစံအတိုင်း.........
မင်္ဂလာပါ ကိုလူသစ်
အားလုံးနေကောင်းတယ်နော်။
ရွာပြန်သွားတာကိုး
စာပြန်ရေးတော့လဲ ၀မ်းမြောက်စွာ ဖတ်မိပါ၏။
မှတ်ချက်တော့ ပေးမတတ်ဘူးး)
ခင်ညားလို တောင်တွေး မြောက်တွေး၊ ဘယ်တွေး ညာတွေး၊ ဟိုတွေး ဒီတွေး ပါပဲ
ရွှင်လန်းချမ်းမြေ့ပါစေ...
မငယ်နိုင်ပြောတာ မှန်တယ်...
ဘုရားကလဲဟောထားတယ်... အတ္တာဟိ အတ္တနော နာထော... မိမိကိုယ်သာ ကိုယ်းကွယ်ရာပါတဲ့....
ကျနော်တို့က သူတပါးအားကိုယ်းစိတ်တွေ သိပ်များနေတယ်...
ဒါကို နိုင်ငံရေးမှာ ရှေ့ထွက်နေတဲ့သူတွေ သိသင့်တယ်..
စည်းရုံးရမှာ ပြည်ပမဟုတ်ဘူး.. ပြည်တွင်းကိုပဲ...
ဒီအစိုးရ ယုတ်မာတာကို... နိုင်ငံတကာသိအောင်လုပ်တာက .. ကိုယ့်ပြည်တွင်းကလူတွေ သိအောင်လုပ်တာထက် အကျိုးအမြတ်ပိုရတယ် လို့ ထင်နေကြတာကိုး...
မင်းကိုနိုင်တို့... မိုးသီးဇွန်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ မကောင်းကြောင်းကို လှိုင်ဘောလယ်အောင် ပြည်တွင်းမှာ နအဖက ဖွထားတော့ ဒီလူတွေ အဖမ်းခံရတဲ့ အခါ ပြည်သူလူထု အများစုက ကိုယ်နဲ့ မဆိုင်သလို သဘောထားနေကြတာ တွေ့ကြရဲ့လား...
အဲလိုပဲ နအဖရဲ့ အမှန်အကန်ဇာတ်ယုတ် အစုံအလင်ကို ပြည်သူတွေ သိအောင် မခံမရပ်နိုင်အောင် ဘာလို့ မကြိုးစားကြတာလဲ... ရန်ကုန်နေလူထုဟာ.. မြန်မာ တပြည်လုံးနဲ့ ယှဉ်ရင် လက်တစ်ဆုတ်စာပါ...
ပြည်ပက မြန်မာ ဆိုတာလဲ ပိုတောင်နည်းသေးတယ်...
ဒါပေမယ့်... အပ်ကျမတ်ကျသိတဲ့သူ ဘယ်လောက်နည်းနည်း သဘောတရားရေးတွေ နားလည်တဲ့နေရာမှာ တော်တော် effective ဖြစ်ပါတယ်...
လူတွေ ပိုသိအောင်ကြိုးစားလေ ပို effective ဖြစ်လေပါပဲ....
နိုင်ငံတကာက လူတွေသိတော့ သူတို့ဘာတတ်နိုင်မှာလဲ...
အဓိက ကကိုယ်နိုင်ငံထဲက လူတွေ ဒင်းတို့ ကိုလက်မခံနိင်လောက်တဲ့ အထိ ရှင်းရှင်းပြောရရင် (အပုတ်ချတယ်ပဲဆိုဆို).. အပုတ်ကိုနာနာချပြရမှာပဲ..
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နဲ့ နိုင်ငံရေးကို လေ့လာနေတဲ့သူတွေ ထငိထားကြတာ... ဒေါ်စုကိုထိရင် တနိုင်ငံလုံးပါလာမယ် ထင်နေကြတယ်...
ခု အဖြေထွက်လာပြီ... ပြည်သူလူထုမပါရင် ဘာမှ ဆက်လုပ်လို့ မရဘူး....
ဒေါ်စုကို မြန်မာအများစုက အထင်လွဲမှားနေကြပါတယ်..
အခု.... ဒေါ်စုဘာဖြစ်လာနိင်လဲ ခန့်မှန်းလို့ရနေပါပြီ...
ပြည်သူလူထုဟာ တော်လှန်ရေးမှာ အဓိကကျတဲ့ အသက်ပါပဲ.....
ဒေါ်ခင်မင်းဇော်တို့ ကိုပေါတို့ အပါအဝင် တော်တော်များများက ဘာနဲ့တူလဲဆိုတော့ ဟမ်းစတား ကြွက်လေးတွေ လှောင်အိမ်ထဲက ရိုလာလေးတွေ ထဲမှာပတ်ပြေးနေတာနဲ့တူပါတယ်... ဘယ်လောက်အားစိုက်စိုက် ဘယ်မှ မရောက်ပါဘူး....
ကိုယ်ကိုယ်တိုင်က လမ်းမှန်ကို မသိပဲ နဲ့ လူထုကို လမ်းမှန်ပေါ်ရောက်အောင် ဘယ်လိုဆွဲတင်မလဲ... မလုပ်နိုင်ရင်မလုပ်ပါနဲ့... လုပ်မယ်ဆိုရင် ထိရောက်အောင်လုပ်ပါ... အဆိပ်အတောက် ဖြစ်ပါတယ်..
တယောက်နဲ့ တယောက် ကိုက်နေတာနဲ့ပဲ... လူတွေ အထင်လဲသေး စိတ်ဓါတ်လဲကျပါတယ်...
အဲတာ ဟုတ်တယ်ဗျ.. ခုကလေးတွေက တော်လှန်ရေးဆိုတာ နာနာအော်ရမယ့် အရာလို့ထင်နေကြကုန်ပြီ...
ဒေါ်စုဆိုတဲ့ ပြယုဂ်ကြီး မရှိတော့ တဲ့နေ့ကျရင်... ခုလုပ်စားနေတဲ့ လူတွေ ငတ်ပြီပေါ့ဗျာ....
ကလူသစ်ရေ..
စာတွေဖတ်၊ ကောမန့်တွေ ဖတ်ပြီး ဘာတွေ ပြောရမှန်းတောင် မသိတော့ပါဘူး..
God Already Left Burma..
ကတော့ ဟုတ်ချင် ဟုတ်နေမလား မသိ..
ကလူသစ်ရေ
ပိုစ့်ရောကွန့်မန်းတွေပါဖတ်သွားတယ်
လာရောက်အားပေးသွားသူများ အားလုံး မင်လာပါဗျာ။ ခုလို အတွေ့အကြုံ အတွေးအမြင်များ မျှဝေပေးသွားတာ ကျေးဇူးပါ။
Hey...Free-Air-Bloggers...!
U Don't really Sick of these...Talks, Talks, Talks.....?
Really don't want to say it ...all Non-sense...
But finally Used to it..all these Non-sense...!
U all don't think non-sense too much ..please..
Still Enjoying, living at Other people country and Write, talk @ your freee time..for fun.... Free-Air-Bloggers..?
U all have Great Life...!
ပင်စင် ယူသွားတော့ မရေးတော့ ဖူးထင်တာ အခုတော့လည်း ပြောစမတ်ဖြစ်တဲ့ အပြင် သူ့ ဟန်(စတိုင်လ်) ကို ဖြစ်လို့။
လာဖတ်လေ့လာပါတယ် လင့်ထားပါတယ်
သတိရလို့လာပြီးဟိုဖတ်ဒီဖတ်လုပ်သွားပါတယ်ကလူသစ် သမီးကလေးကိုလွမ်းပါသည်။
ခင်ဗျားလိုကောင်စားမျိုးတွေ ပဲခင်ဗျားကမြင်တာကိုး
ငှက်ပျောသီးတောင်အခွံနွာစားချင်ရဲ့လား ကို့ဟာကိုမေးကြည့် ခင်ဗျားရဲ့သမိုင်းကြောင်း မှာ ဘာတွေများ လုပ်ခဲ့သလဲ ဘေးထိုင်ပြီးစောက်ရမ်းပြောမနေနဲ့ ကိုယ့်ရာဇဝင်ကိုရေး
ခင်ဗျားက စင်္ကာပူမှာနေပြီး တော်လှန်ရေးအတွက် ခြေတစ်ချောင်းလက်တစ်ချောင်းမချိုးဘူးပဲ ဘေးကနေ အားနည်းအောင်အဖျက်ဝင်ပြောနေတယ်
ready madeတွေစားပြီး တော်လှန်ရေးကိုတော့ readymade လာမလုပ်ပါနဲ့ ပြည်သူတွေပါလားမပါလား 2007 မှာမင်းစောက်စိကမ်းနေလား
မင်းစောက်ချိုးကြည့်မရတာကြာဘီ ဘောလုံးပွဲအကြောင်းရေးကထဲက ကြည့်နေတာ
annymousဆိုတဲ့ကောင်တွေ နာမည်တောင်ဖေါ်မရေးရဲပဲ စောက်ကျင့်ကိုက နောက်ကျောဓါးနဲ့ထိုးချင်တဲ့စိတ်နဲ့ ကိုယ့်အယူအဆတောင် ဗျောင်မပြောရဲတဲ့ကောင်တွေ
anonymous ဆိုတာ နာမည် မဖော်ရဲတဲ့ကောင်ဆိုပါလား... မဟုတ်ဘူးနဲ့တူတယ်...
ကျွန်တော့ကျတော့ ဆိုင်းအင်ရမှာပျင်းလို့ပါ... :P
လာဖတ်သွားတယ်ဗျာ..။မြန်မာပြည့် ရဲ့ တိုးတက်မှုဆိုတာကို ကျွန်တော်တို့ ကမှီပါဦးမလားမသိဘူးဗျာ။တွေးစရာတွေ တပုံနဲ့ ပြန်သွားပါတယ်...။
ခင်တဲ့
အားလုံးကိုပျော်စေချင်သူ။
အကိုရေ နေကောင်းတယ်ဆိုရင်ပဲဝမ်းသာပါတယ်။ အဲဒီအကြောင်းတွေပြောကိုမပြောတော့ဘူး။ ရင်မောလို့။
ပိုစ့်တွေလာဖတ်သွားပါတယ်.. မတွေ့ တာကြာပြီ.. မင်္ဂလာပါဗျာ. သင့်ကင်း
ကဲ ကလူသစ်ရေချီးမွှမ်းတဲ့သူကချီးမွှမ်း၊ကဲ့ရဲ့သူကကဲ့ရဲ့
ဒါးကြိမ်းကြိမ်းသူကကြိမ်း.........။
ဘာပဲပြောပြောဗျာကျနော်တို့ပြည်ထောင်စုဘွားညီနောင်
သားတွေစုစည်းမှု့မရှိပဲနဲ့တော့ဘာမှဖြစ်လာမယ်မထင်မိဘုး၊
ဘယ်သူတွေဘာပြောပြောလုပ်စရာရှိတာကိုတော့ကိုယ့်အား
နဲ့ကိုယ့်အင်လုပ်နိုင်သလောက်လေးလုပ်သွားကြရအောင်
လားဗျာ။
မင်္ဂလာပါ ကိုလူသစ်ရေ..
ကိုဒူကဘာကြီးကို သွားပြောတော့လဲ မထူးတော့ပါဘူး၊
စစ်အစိုးရ= သူတို့ပဲ အမြဲတမ်း စစ်မှန်နေတယ်
ကြပ်ပြေး = အခုတော့လဲ ချောင်လည်သွားပြီ
အဖွဲ့ချုပ် = အမြဲတမ်း ချုပ်ခံနေရတယ် ။ ..
တွေးကြည့်ရင့်ပေါ့.. အများကြီးပါ
ဆိုတော့လဲ စာများများ ဖတ်ပြီး ။ ပရိသာတ်လက်ခံတဲ့ စကားလုံးတွေ ကိုယ်ဖက်ဆွဲ ထွင်ကြတာပေါ့။
သဘောပေါက်နိုင်လောက်တယ် ထင်၏။ ဘာလိုဆိုတော့ ကျွန်နော် ရေးထားတာကို ခင်ဗျား သဘောပေါက်ပါတယ်း)
ရွှင်လန်းချမ်းမြေ့ပါစေ...
ဟကောင်....
“အောင်ကိုကိုထိုက်” ဆိုတဲ့ အရူး.
လျှောက်ရမ်းမနေ နဲ့ ကိုယ်ကိုတိုင်တောင်
Comment နှစ်ခုမှာ Space ခံဖို့ပျင်းနေတဲ့ကောင်ကများ
စက်တင်ဘာ တုန်းက မင်းဖြင့်မရှိဘဲနဲ့ တကယ်လုပ်ရဲရင် ပြန်လာလုပ်လေ. အဝေးကနေ သင်္ကြန် အမြှောက် ပစ်မနေနဲ့
သမိုင်းနဲ့ ချီမပြောနဲ့ နားခါးတယ်
မီးထွန်းဆုတောင်းလည်းပီးရော မင်းအဖေ “စလုံး” အစိုးရကြောင့် နေထိုင်ခွင့် သက်တမ်းတိုး မပေးလို့ ဒုက္ခရောက်သူတွေဒုနဲ့ဒေး.သူတို့ကို အဆင်ပြေအောင်သာ မင်းတို့အရင်လုပ်ပေးလိုက်ပါဦး. နောက်ဆုံး “စပီကာ ကော်နာ” ကြီးကကော ကုလားမကြီးရဲ့  အော်လံ လေးနဲ့ အဆုံးသတ်သွားရောမှတ်လား...
အေး..ဒီပို့စ်တင်တဲ့ သူနဲ့လည်း မသိဘူး.
ဒါပေမယ့် ဒီမိုကရေစီ ကို ပါးစပ်ထဲမှာ ပလုပ်ပလောင်း မစားရ ဝ ခမန်း ပြောပီး ပဏာယူ ချင်နေတဲ့ ကောင်တွေကို သိပ်ကြည့်ရတာမဟုတ်ဘူး ...နားလည်
ဆရာလိုလို လူစွမ်းကောင်းလိုလို တော့လာမလုပ်နဲ့ သတ္တိရှိရင် ပြန်လာလုပ် ဒါဘဲ
ပို့စ်အသစ်တွေ မျှော်နေတယ် ကိုလူသစ်ကြီး။
ပို့စ်အသစ် မတင်တော့ဘူးလား။
ကလူ ကလူ ဘယ်ပျောက်နေလဲ
အားဘူးလားဂျ
ကိုလူသစ်ရေ
လာလည်ပါတယ်ရှင့်
စာတွေက စဉ်းစားစရာတွေချည်းပဲ မို့
စဉ်းစားလိုက် ဖတ်လိုက် စဉ်းစား လိုက်နဲ့
အိမ်ထဲ အကြာကြီး နေသွားတယ်နော်..
ကျမဆီလာလည်တာလဲ ကျေးဇူးတင်ပါတယ်
ပျော်စရာလေးတွေ ရေးပေးလို့ ကျေးဇူးး)
Link လဲ ယူသွားပါပြီ
အသစ်တွေ ရေးဖို့ မျှော်လင့်ပါတယ်
ခင်မင်စွာဖြင့်
ကိုကလူသစ်..(နားကွဲအောင်အော်သွားတယ်)
ဟေ့လူကြီး...၊ ကျနော့်ကျတော့ စာမရေးရင် လာလာလက်တို့တယ်။ အခုကျတော့ ငြိမ်နေပါလားဗျာ။
ဇူလိုင် ၂၃ မြန်မာ့အမှောင် သတင်းစာထဲမှာ ခင်ဗျားနာမည်နဲ့ ဆောင်းပါးတပုဒ်ဖတ်လိုက်ရတယ်။ တော်တော်ရူးတဲ့ နအဖတွေပဲ။
Post a Comment