ဟိုတွေး ဒီတွေး

May 15, 2009

ဒီအချိုးကတော့ တရုတ်ကိုတောင် တော်တော်နားဝင်အောင် ပြောယူရမဲ့အချိုးပဲ။ ဒီပဲယင်းမှာ လုပ်ကြံမှုမအောင်မြင်တော့ လမ်းပြမြေပုံထုတ်သုံးသလို ခုလဲ ရွေးကောက်ပွဲဥပဒေကြေညာဖို့၊ ရွေးကောက်ပွဲကျင်းပဖို့ အဆင်သင့်ဖြစ်နေပြီလားမသိဘူး။ နိုင်ငံတကာက မိုးကြီးလေကြီးသမားတွေ ဘယ်လို မိုးကြိုးပစ်ဖို့ကြံနေကြသလဲ။ အဘတို့ကတော့ ထန်းလက်လေးနဲ့တောင် ကာဖို့ စိတ်ကူးကြဟန်မတူ။

9 မှတ်ချက်:

mg kyi poae said...

ကလူသစ်ကလည်း စကားလုံးတွန့်တိုနေတယ်။ နဲနဲရှည်ရှည်လေးရေးတာမဟုတ်ဘူး။ မျှော်တဲ့ပရိသတ် မျှော်ရကျိုးမနပ်ဖြစ်နေမယ်....... (အချွန်နဲ့ မ လိုက်ပြီ)
း-)

ဖုန်းမြင့် said...

ဆင်ဖမ်းမယ် ၊ ကျားဖမ်းမယ်ဗျာ ..လိုက်မလား ကလူသစ်

Anonymous said...

တရုတ်လည်း မရဘူး။ ကုလားလည်း မရဘူး။ ဘာကောင်မှမရဘူး။ သဘောပေါက် မပေါက်ရင် ကျောပေါက် သွားမယ်။ ဒီလောက် မိုက်ရိုင်းပြနေတာကို ရွေးကောက်ပွဲ ၀င်မယ့်သူတွေက ရှိနေသေးတယ်။ အံ့ပါရဲ့ ။ တတုးံစားလည်း ချီးမှန်းမသိ နှစ်တုံးစားလည်းချီးမှန်းမသိ။ ( အာဏာမက်သော ဖ.ဆ.ပ.လ လူကြီးသားသမီးများမှ အစ, ........) ။ သန်းရွှေဟာကို မျှော်မနေကြနဲ့ ။ စာလာဖတ်သူများကိုတော့ တောင်းပန်ပါတယ်။ ဒိထက်ရိုင်းတဲ့ စကားလုံးတော့ မသုံးတော့ ပါဘူး။ ရင်ထဲရှိတာပြောလိုက်တာပါ ခွင့်ပြုပါ ကိုလူသစ်ရေ....။ကိုလူသစ်ရဲ့  စာဖတ်ပရိသတ်တယောက်ပါ။

Anonymous said...

ကိုအောင်သာငယ်ကို ကျေးဇူးတင်ပါတယ်, ဗမာစာရိုက်တတ်အောင် အားပေးလို့ပါ။ ရင်ထဲရှိတာ အပေါ်မှာ မှတ်ချက်ဝင် ရိုက်လိုက်ရလို့ပါ။ မိမိကိုယ်ပိုင်ဘလော့ဂ်မရှိတော့ သူများဘလော့ဂ် မှာဘဲ.....။

ကိုရင်နော်ခင်လေးငယ် said...

ကလူသစ်ရယ်..
ရှည်ရှည် ရေးပါတော့လား..

ကလူသစ် said...

မောင်ကျည်ပွေ့နဲ့ ကိုရင်နော်ခင်လေးငယ်ရေ.... ရှည်ရှည်မရေးချင်သေးပါဘူးဗျာ။ တခြားကို အာရုံစိုက်ရမဲ့အချိန်မှာ ခြင်းထဲက ကြက်အချင်းချင်း ထမခွပ်ချင်လို့ပါဗျာ။

ကိုဖုန်းမြင့်..... သွားနှင့်ဗျာ။ မလိုက်သေးဘူး။ ဒီမှာ လက်ဘက်ရည်ခွက်ပေါ်က ပုရွတ်ဆိတ်အတွက် ရင်မအေးဖြစ်နေလို့ပါ။

anonymous.... တခါတလေလဲ စိတ်နောက်ကိုယ်ပါ ရေးမိတတ်ပါတယ်လေ။ လာရောက်အားပေးတာလဲ ကျေးဇူးတင်ပါတယ်။ မြန်မာစာ ရိုက်တတ်ထားတော့ ကောင်းတာပေါ့။ ဘိုလိုက သိတ်ကျွမ်းကျင်နေရင်တော့ မသိဘူး။ နို့မို့ မြန်မာလိုရေးရတာလောက်ကို မထိဘူးဗျာ။

အားလုံး လာရောက်အားပေးတာ ကျေးဇူးတင်ပါတယ်ဗျား။

သက်ဝေ said...

အချိန်ရရင် စာတွေပြန်ရေးပါတော့ ကလူသစ်ရေ...
ဘော်ဒါတွေနည်းသွားရင် အားငယ်တာပေါ့.. ဟီဟိ

wai said...

I know you can't saty away form this case. This is our "Ka Lu Thit". You should write long.
I am not fine with this case either. (Sighhhhhhhhhhhhhhhhhh).
(Wanna see the photos of your daughter)

Anonymous said...

ဘိုလိုကလည်း မကျွမ်းကျင် ။ ဗမာလိုကလည်း မရေလည် ။ တရုတ်ကျပြန် တော့လည်း မတတ်တခေါက် ဆိုပါတော့ ။ ဒါပေမဲ့ စိတ်ဆိုးလို့ ပြောချင်၇င်တော့ ဗမာလိုက ပိုအား၇စ၇ာ ကောင်းပါတယ် ။ BTW , POST အသစ် ရှည်ရှည်လေးနဲ့ အလာပ သလာပလေး လုပ်ပါအုံး..ကလူသစ်ကြီး ၊၊

 
Design by Pocket Blogger Templates